Definition :
ကွန်ပျူတာဆိုတဲ့အသုံးအနှုန်းကို ၂၀ ရာစုမတိုင်မီအထိ အသုံးပြုခဲ့ပုံက
အတွက်အချက်ပြုလုပ်နိုင်တဲ့သူတွေကို ခေါ်ဝေါ်ရာမှာသုံးစွဲခဲ့ကြတာပါ။ အဲ့လိုနဲ့
ပြောင်းလဲဖြစ်တည်လာခဲ့တဲ့ ကွန်ပျူတာသမိုင်းကြောင်းကိုတော့
ဒီမှာ
ဖတ်ရှုနိုင်ပါတယ်။A computer is a machine or device that stores information, performs processes, calculations and operations based on instructions provided by a software or hardware program. It has the ability to accept data (input), process it, and then produce outputs.
အတိုချုပ်အနေနဲ့ ကွန်ပျူတာဆိုတာ ပေးလိုက်တဲ့ အချက်အလက်ကို မူလထည့်သွင်းထားတဲ့ ပရိုဂရမ်အရ စီစဉ်တွက်ချက်ပြီး ရလဒ်တစ်ခုကိုထုတ်ပေးတဲ့ လျှပ်စစ်ပစ္စည်းတစ်ခုပါ။
အနားနားရှိတာမြင်အောင်ဆိုရရင် ဂဏန်းပေါင်းစက်လေးဟာ ကွန်ပျူတာတစ်လုံးပါပဲ။ ထည့်သွင်းလိုက်တဲ့ ဂဏန်းများနဲ့ အမိန့်ပေးခိုင်းစေတဲ့တွက်ချက်မှုများကို ဆောင်ရွက်ပြီး ရလဒ်တွေကို ပြသပေးပါတယ်။
ဒါဆို အခြေခံအကျဆုံးဖြစ်တဲ့ ပရိုဂရမ်လေးကစပြီး ကျန်တဲ့အဆင့်မြင့်လုပ်ဆောင်ချက်တွေဆောင်ရွက်နိုင်တဲ့ စမတ်ဖုန်း၊ စမတ်နာရီ၊ တပ်ဘလက်၊ ဂိမ်းစက် နဲ့နည်းတူတခြားခြားသော လျှပ်စစ်ပစ္စည်းများကိုလည်းကွန်ပျူတာဟုဆိုနိုင်တာပေါ့။
ဒီ blog လေးမှာတော့ Typical computer တစ်လုံးအကြောင်းကို အသေးစိတ်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
ကွန်ပျူတာတစ်လုံးမှာ -
- အတွက်အချက်တွေကိုအဓိကဆောင်ရွက်ပေးတဲ့ ကွန်ပျူတာဦးနှောက် CPU ၊
- အဆင့်မြင့်ရုပ်ထွက်တည်ဆောက်မှုပိုင်းဆိုင်ရာအတွက် GPU ၊
- အတွက်အချက်များလုပ်ဆောင်တဲ့နေရာ RAM ၊
- အချက်အလက်တိုင်းကို သိမ်းဆည်းပေးတဲ့ Storage Device ၊
- ကွန်ပျူတာကို အချက်အလက်ထည့်သွင်းစေခိုင်းရန် Keyboard နဲ့ Mouse ၊
- ရှိရှိသမျှကို သုံးစွဲသူအတွက် ရုပ်ထွက်ပြပေးမယ့် Monitor Screen နဲ့
- စနစ်တခုလုံးကို လည်ပတ်ပေးမယ့် ပါဝါအထောက်အပံ့ PSU တို့ အကြမ်းဖျင်းပါဝင်ပါတယ်။
Computer Types
ကွန်ပျူတာအမျိုးအစားကတော့ အကြမ်းဖျင်း Laptop နဲ့ Desktop ဆိုပြီးရှိပါတယ်။
အထက်မှာပြခဲ့တဲ့ ကွန်ပျူတာအစိတ်အပိုင်းတွေကိုတော့ Desktop ကိုပမာထားပြီးပြပေးပါမယ်။